အဟောင်းတွေပေါင်းထားတဲ့ အသစ် V.I.P
ခိုးကူးတွေ နှိပ်စက်ခြင်းကြောင့် လူငယ်တွေရဲ့ Talent တွေ ပျောက်ဆုံးခဲ့ရသလို အဆိုတော်ကြီးတွေသည်လည်း Producer လက်မဲ့ဖြစ်ခဲ့ရပြီ။ ဒီ ကျွန်တော်တို့ Hip-Hop လောကအတွင်းမှာတော့ ကိုယ့်သီချင်းကိုယ် ပရိတ်သတ်တွေ ရအောင် ၊ Respect ၊ တစ်ခုရအောင် ၊ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်လို့ရအောင် Sample တွေဝေလေ့ ရှိတယ်။ CD ဖိုး ၊ ကုန်တာပေါ့ဗျာ။ ဒီလို sample တွေထဲကမှ ပရိသတ်တွေ အားပေးခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ နာမည်က V.I.P ။ ဒီလို member တွေကတော့ လူသစ်တွေချည်းတော့ မဟုတ်ပါဘူး ။ Show ပွဲရဲ့ စင်ပေါ်မှာ အမြဲတွေ့ရတဲ့သူတွေပါ။ Ah.Boy ၊ ထိန်ဝင်း ၊ ဂျောက်ဂျောက် ၊ ကျော်ထွဋ် ဆွေ တို့ပါပဲ။ ဒီ ၄ ယောက်က တစ်ယောက်ချင်း စတက်လာကြသလို စုပေါင်းစပ်ပေါင်းခွေတွေထဲမှာလည်း SOLO ၀င်ဟဲကြသေးပါတယ်။ Ah.Boy ကတော့ ခု သူ့တရုတ်တန်း solo တွေထွက်လာပြီ။ ကဲ ခုတလော လူငယ်တွေကြားထဲ တာစားနေတဲ့ V.I.P ဆိုတာ...
Q: V.I.P Family ဆင်းသက်တာ ကြာပြီလား။ V.I.P History ???? Crew Name?
A: ၂၀၀၇ လောက်တုန်းက Ah.Boy နဲ့ ထိန်ဝင်းက family တစ်ခုလောက်လုပ်မယ်ဆိုပြီး စစုကြတယ်။ အဲဒီမှာ Ah. Boy က သူ့ရဲ့ငယ်သူငယ်ချင်းလည်း ဖြစ်တဲ့ ကျော်ထွဋ်ဆွေ ၊ ထိန်ဝင်းရဲ့ အခြား သူငယ်ချင်းနှစ်ယောက်နဲ့ စပြီးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘဲ ကျန်တော်တို့ သုံးယောက်ပဲ ကျန်ခဲ့တယ်။ အဲဒီမှာ Member အသစ်ထပ် ထည့်မယ်ဆိုပြီး ရှာတော့ JMe နဲ့ ရသ က ဂျောက်ဂျောက်ကို ထည့်ဖို့ တိုက်တွန်းတယ်။ ကျော်ထွဋ်ဆွေ ကလည်း ဂျောက်ဂျောက် ကိုထည့်မယ်။ အားလုံးကလည်း ကြိုက်တယ်ဆိုတော့ အဲဒီမှာ Ah.Boy ၊ ဂျောက်ဂျောက် ၊ထိန်ဝင်း နဲ့ ကျော်ထွဋ်ဆွေ ဆိုပြီး V.I.P ဆက်လက် တည်ဆောက်တာ အခုထိပါပဲ။
Q: V.I.P အနေနဲ့ အခွေထုတ်ဖြစ်မှာလား။ တစ်ယောက်ကိုတစ်ယောက် care လုပ်ကြတဲ့ family အနေနဲ့ပဲလား။
A: လုပ်နေပါတယ်။ ၂ဝဝ၉ မှာ ထွက်ဖို့ ကြိုးစားနေပါတယ်။ Family come first ဆိုတာ ကျွန်တော်တို့ရဲ့ လက်ကိုင် စကားပါ။ ညီအစ်ကိုလို နေကြပါတယ်။ သီချင်းဆိုဖို့ အတွက်လည်း မဟုတ်ပါဘူး။
Q: ခုလက်ရှိ ဂီတလောကအခြေအနေ အရ Sample တွေ ဝေလာကြ တယ်ပေါ့။ ဒီလို Free ဝေခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးက ဘာလဲ။
A: အမှန်အတိုင်းပြောရရင် ဘယ် Rapper မဆို အခွေထုတ်ချင်ကြတာပေါ့ နော်။ ဒါပေမယ့် အစဆိုတော့ Sample CD ကြည့်ကြတာပေါ့။ ကောင်းကျိုးက လူမြန်မြန် သိတာပေါ့။ ကိုယ် ထုတ်ပြ ချင်တာကို ပြလို့ရတာပေါ့။ ဆိုးကျိုးက ပိုက်ဆံကုန်တယ်။ ပြီးတော့ အများကြီး ပါပဲ။
Q: ဘာပဲဖြစ်ဖြစ်ပါ ဒီ V.I.P Sample ခွေက လူငယ်တွေကြားမှာ ပျံနေပြီ။ နေရာတိုင်းမှာ ကြားနေရပြီ။ ဒီ Sample အတွက် အချိန် ဘယ် လောက်ကြာ ကြိုးစားခဲ့ရလဲ။
A: လုပ်တာ ကြာပြီပေါ့။ ဒါပေမယ့် frame တွေ ချထားတဲ့ သဘောပေါ့။ အဲဒီ ဖြန့် ခါနီး ၅ ရက်ကျမှ သေချာပြီးအောင် လုပ်ခဲ့ကြတာပေါ့။ အဲဒီအထဲမှာ ၃ ည လောက် မအိပ်ခဲ့ရဘူး။
Q: V.I.P ရဲ့ Hip-Hop Style မျိုးက ဘာလိုမျိုးလဲလို့ ပရိသတ်က မေး လာရင်။
A: V.I.P ရဲ့ Hip-Hop Style က downsouth တွေများတယ်လို့ ပြော လို့ရတယ်။
Jouk Jack
Q: Jouk Jack ခံယူလိုက်နာထားတဲ့ ဒီ Hip-Hop လောကရဲ့ Rules ခံယူချက်တွေများ ရှိမလား။
A: ရှိတာပေါ့။ ဒီလိုခံယူချက်တွေရှိမှပဲ ဖြစ်တာ။ လူတစ်ယောက်က ကိုယ်ဆိုတဲ့ Music ပေါ်မှာ ဘယ်လိုစိတ်မျိုးထားလဲ။ ဘယ်လို ရည်ရွယ်ချက် နဲ့ဆိုလဲဆိုတာ ကိုယ်ကိုယ် တိုင်သိဖို့လိုတယ်။ အဲဒါမျိုးမရှိရင်လည်း အလကားပဲ။ Hip-Hop ဆိုချင်တာလား။ လူငယ်တွေ လေးစားတာကို လိုချင်တာ လား။ ဟော်ကီလုပ်ချင်တာလား။ အဲဒါမျိုး တွေရှိတယ်။ ကျွန်တော်သာ ခံယူချက်မရှိ ခဲ့ရင် ကျွန်တော်လည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော် ခံယူထားတဲ့ Hip-Hop ဆိုတာ ကိုယ့်လက်ရှိဘဝကို အမှန် အတိုင်းချပြရဲရမယ်။ ငိုပြစရာလည်း မလို ဘူး။ မဲ့ပြစရာလည်းမလိုဘူး။ စစ်မှန်မှု တစ်ခုဆိုတာ ရှိရမယ်။ ကျွန်တော် တို့သာ မစစ်မှန်ခဲ့ရင် နောက်လာမယ့် မျိုးဆက်တွေကြားမှာ ဟားစရာ ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ ကျွန်တော်ဆိုတဲ့ Hip-Hop ကို လိပ်ပြာသန့်တယ်။
Q: Jouk Jack ဆိုတာ Melody လှလှလေးနဲ့ စာသားလှလှလေးတွေ ကို သီဆိုဖို့ ဝန်လေးနေတတ်သူ လား။
A: အဲလိုလည်း မဟုတ်ဘူးပေါ့။ ကျွန် တော်ကတော့ ကိုယ်မပိုင်ရင် ဘာမှ ကိုမလုပ်တာ။ 'ဝ' မရှိဘဲ 'ဝိ' မ လုပ်တတ်ဘူးပေါ့။ အသည်းကွဲရင် တော့ နားထောင် ကောင်းမယ့် သီချင်း မျိုးတော့ တခြားအချိန်မှာဆို ကျွန် တော့်ကို နားဝင်အောင် မဆွဲ ဆောင်နိုင်ဘူးထင်တာပဲ။ စိတ်ကူး ယဉ်ဖို့ကောင်းတဲ့ ဇာတ်လမ်းမျိုးတွေ ရှိခဲ့ရင် တောင်မှ တကယ်တမ်း နောက် ဆုံးကျတော့ ကျွန်တော်ပဲ ပက်ပက် စက်စက်အသည်းကွဲတာ။ အဲတော့ မိန်းမတစ်ယောက်ကို ချွဲပစ်နေမယ့် အစား အပြစ်ပြောဖို့ပဲ စာသား မျိုးတွေ ထွက်နေတာ။
Q: ဒီဘက် Rock ဘက်မှာ လူငယ်တွေ ကို နေရာပေးနေတဲ့ 9 Planets ကို ဘယ်လိုမြင်လဲ။
A: ဟား . . . ရှိသင့်တာပေါ့။ Hip-Hop ကို စိတ်ဝင်စားတဲ့ Production တွေ ရှိသလို Rock တွေ၊ Metal တွေ၊ အားလုံး အားလုံးပေါ့။ ပံ့ပိုးပေးမယ့် Production ဆိုတာ ရှိကိုရှိသင့်တာပေါ့။ ကျွန်တော်သည် အမှန်တရားကိုပဲပြောတယ်။ Rock ကြိုက်ရင် Rock ဆိုပါ။ Hip-Hop ကြိုက်ရင် Hip-Hop ဆိုပါ။ မတားဘူး။ Hip-Hop ပဲဆိုပါလို့ မဆွယ်ဘူး၊ ကြိုက် ရင်ဆို၊ မကြိုက်ရင်မဆိုနဲ့။ Hip-Hop တွေ ချည်းပဲဆိုပြီး Rock ပဲ ကြိုက်တယ်လို့ အော်နေရင်တော့လည်း မပြောတော့ဘူး။ ဒါပေမယ့် မတူတဲ့ Music အလိုက်မ တူတဲ့ Production ဆိုတာတော့ ရှိသင့် တယ်။
Q: Jouk Jack အနေနဲ့ Single Album ထုတ်ဖို့ အစီအစဉ် ရှိလား။ ဒီ V.I.P အနေအ ထားကရော။
A: V.I.P အခွေ ထွက်မယ်။ ပြီးရင် ကျွန်တော့်ရှဲ့Single Album ထွက် မယ်။ ရှေ့နှစ်ပေါ့။ ၂ဝဝ၉ နှစ်လယ် လောက်ထွက်မယ်။ ကျွန်တော်နဲ့ ကျော်ထွဋ်ဆွေ နှစ်ယောက်တွဲအခွေလည်း ရှေ့ နှစ်မှာပဲထွက်မယ်။
Q: ခုနောက်ပိုင်း ပရိသတ်တွေ အားပေးမှုရလာတဲ့အခါ Jouk Jack အနေနဲ့ ဘာတွေ တွေးမိလဲ။
A: ပရိသတ်အားပေးတော့ ပျော် တာပေါ့။ ကြိုးစားရကျိုးနပ် တယ်။ V.I.P အခွေ ထွက်ရင်၊ ပြီးတော့ Single Album ထွက်ရင် အားပေးမယ်ဆို ပို မိုက်တာပေါ့။ ဟဲ . . . ဟဲ . . . ။
Q: အလင်္ကာကတဆင့် ပရိ သတ်တွေကို ဘာမေးချင်လဲ။
A: Jouk Jack ဆိုမယ်ဆိုလို့ Show လာကြည့်မယ့် ပရိ သတ်ဘယ်နှစ် ယောက်ရှိ မလဲလို့။ ဟဲ . . . ဟဲ . . . သက်သက်စားတာ။
Ah-Boy
Q: Ah-Boy ရဲ့ Single က ထွက်လာတော့မလိုလိုနဲ့ နောက်ကျ နေတယ်နော်။ Why ?၊
A: Single Album က ဇူလိုင်လဆန်း လောက်မှာ ထွက်ဖို့ မှန်းထားပါတယ်။ အစက ဇွန်မှာ ထွက်မလို့။ ဒါပေမယ့် နာဂစ်ရယ်၊ အခြားကြော်ငြာကိစ္စလေး တွေ မပြတ်သေးလို့။ ဒီတစ်ခါ ဇူလိုင် မှာ တကယ်ထွက်ပါပြီ။ သီချင်းတွေက လွန်ခဲ့ တဲ့ ခြောက်နှစ်ထဲက လုပ်ထားလို့။ အရမ်း ကြာပြီ။ တချို့သီချင်းတွေဆို Date Out နေပြီ။ ကျွန်တော်တောင် လုံးဝ ခံစား လို့မရတော့ဘူး။ အဲဒါကြောင့် အဆင်မ ပြေခဲ့ရင် သည်းခံပေးပါလို့။
Q: ဒီ V.I.P Family ရဲ့ အနေအထား ကိုရော ကျေနပ်သဘောကျလား။
A: V.I.P က ကျွန်တော့်ဘဝမှာ အကြိုက် ဆုံး လူသုံးယောက်နဲ့ ဖွဲ့ထားလို့ အရမ်း ကျေနပ်အားရပါတယ်။ ပရိသတ်လည်း အနည်းနဲ့ အများ သိလာကြပြီဆိုတော့ ကျွန်တော်တို့ လေးယောက် ရှေ့ဆက် ပြီး V.I.P Family စလုပ်နေပါပြီ။
Q: ဒီ V.I.P ကို Third Generation လို့ ခံယူထားကြတယ်နော်။ First နဲ့ Second generation တွေက ရော အားပေးကူညီခဲ့ကြလား။
A: အစရှိ သဖြင့်ပေါ့။ သူတို့တွေကြောင့် ကျွန်တော်တို့ Rap ဆိုနိုင် တယ်။ V.I.P Family ဆို တာ M.H.A ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။
Q: ကိုခင်မောင်သန့် Player တို့လို player ကြီးတွေက ဒီ V.I.P Sample ကို Mixing လုပ်ပေးခဲ့တဲ့ အတွက် ဘာတွေ ထူးခြား ခဲ့လဲ။
A: ဟီး . . . ဟီး . . ဒါကဘယ် လိုတောင် ပြောရမလဲမသိ ဘူး။ ကျွန်တော်တို့က Sample လုပ်ရင်းနဲ့ Show ပွဲကကပ်လာတော့ အမြန် လုပ်ကြရော။ Show ပွဲနေ့မှာ ဝေချင် တဲ့စိတ်က အရမ်းပြင်းပြလာတယ်။ မှတ် မှတ်ရရ Show မတိုင်ခင် ၅ ရက်လောက် ကောင်းကောင်း မအိပ်ရဘူး။ အသံသွင်း လိုက်၊ Edit လုပ်လိုက်ပေါ့။ အခွေက လိုင်းတွေကများ၊ Vocal လိုင်းတွေရော၊ Music လိုင်းတွေရော အရမ်းများပြီး ရှုပ်လာလို့ ထိန်ဝင်လည်း စိတ်တွေညစ်။ အဲဒါနဲ့ ကိုသန့်ဆီမှာ အကူအညီတောင်း ပြီး ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုသန့်က အရမ်းစေတနာထားပြီး ၂ ရက်နဲ့ ၁၄ ပုဒ် အပြတ်ဖြတ်ပေးခဲ့ပါ တယ်။ အရမ်းကြိုက်၊ အရမ်းအားနာ၊ အရမ်းကို လေးစားပါတယ်။ Peace
Q: လမ်းမကို ကိုယ်စားပြုတဲ့ Hip-Hop ကိုသီဆိုတဲ့ Ah-Boy ရန်ကုန်မြို့ လမ်းမတွေရဲ့ အကြောင်းကို စုံစုံလင်လင် သိပြီလား။
A: Street Life ထက်စာရင် ကျွန်တော် က ပျော်စရာကောင်းတာတွေ ပိုဆိုဖြစ်လာပါ တယ်။ အိမ်ထောင်လည်းကျ၊ ကလေး လည်းရဆိုတော့ နောက်ပိုင်း Street လည်း မဆန်နိုင်တော့ပါဘူး။ ရန်ကုန်က Street အကြောင်းကိုလည်း အခုထိ လေ့လာနေဆဲပါ။
Q: Chinese MC တွေနဲ့ မြန်မာ MC တွေ ဘယ်လို အရည်အသွေးကွာ ခြားကြလဲ။ နှိုင်းယှဉ်ကြည့်ပါဦး။
A:Chinese MC တွေက တရုတ်ပြည် မှာဆိုရင် ကျွန်တော်ကြိုက်တာ ရှိသလို၊ မကြိုက်တာလည်းရှိပါတယ်။ ကျွန်တော်က တရုတ် Rap ကို အမြဲ လေ့လာတဲ့အ တွက် သူတို့ဆီက Rap ပဲဖြစ်ဖြစ်၊ Pop ပဲဖြစ်ဖြစ် နားထောင်တယ်။ လေ့လာတယ်၊ ကြိုက်တဲ့စာသားတွေ့ရင်လည်း မှတ်ထား တယ်။ မြန်မာပြည်က အဆိုတော်တွေဆီက လည်း အဲဒီလိုပဲ နားထောင်တယ်။ Rock, Punk, Rap, Hip-Hop ဆိုပြီး မခွဲခြားပါဘူး။ အားလုံး နားထောင်တယ်။ ဒါပေမယ့် Hip-Hop မှာ အရမ်းထူး ခြားတာက တရုတ် MC တွေက ကျွန် တော်ကြည့်နေတာ မြန်တာလောက် ပဲရှိတယ်။ မြန်မာ MC တွေက Flow နဲ့ စာသားမှာ အများကြီး ပိုကောင်းတယ် လို့ ထင်ပါတယ်။ ဒါ ကျွန်တော့် အမြင် ပေါ့။ တရုတ်ပြည်မှာက အခုထိ လူ လက်ခံတာက Pop လေ။ အဲဒီတောဲ့က Juy Chae တို့၊ Wong Lee Heme တို့လို နာမည်ကြီးတွေတောင် Rap ဆိုရင် အချစ်သီချင်းလို စာသားကို နုရွ နေအောင် ရေးပြီးဆိုကြတယ်။ Machi တို့ကျတော့ လည်း ဖြဲတော့ ဖြဲတယ်။ အရမ်းကြီးလည်း မဟုတ်ဘူး။ တစ်မျိုးပဲ။ ဒါပေမယ့် အားလုံးကိုကြိုက်ပါတယ်။ Peace Again
Q: Ah-Boy တသက်တာ ကျေးဇူး တင်နေတဲ့လူ ဒီ Hip-Hop လောက မှာ ရှိလား။
A: ကျွန်တော့်ကို ဒီလောကထဲ စခေါ်လာ တာ အေးချမ်း (Street MC) ။ သူ မိတ်ဆက် ပေးလို့ သိခဲ့ရတဲ့ လက်ဦးဆရာ ကြက်ဖ၊ Rap အခြေခံကိုသင်ပေးခဲ့၊ မြန်မာစာကို သင်ပေးခဲ့သူ။ ပြီးတောဲ့-J-Me အခုချိန် အထိ စင်ပေါ်ကို လက်တွဲခေါ်ယူသင်ကြား ပေးပြီး အနီးကပ်ကူညီပေးသော ကျွန် တော့်ဆရာ ကိုဟိန်းဇော် (Acid) က Vocal Power အတွက် သင်ပေးခဲ့သလို၊ ကျွန်တော့်ဘဝအတွက် မရှိမဖြစ် ညီအစ်ကို သူငယ်ချင်းများ၊ ယုန်လေးနဲ့ G.Beatz Family ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေနှင့် ထိန်ဝင်း ( V.I.P Family) ပါပဲ။
ကျော်ထွဋ်ဆွေ
Q: AJL ရဲ့ ရွေ့လျားမှုက ရပ်တန့် သွားပြီလား။ သီချင်းတွေရော AJL အနေနဲ့ ဆက်လုပ်ဖြစ်သေး လား။
A: ကျွန်တော် AJL နဲ့ ဆက်မလုပ်ဖြစ် တော့ပါဘူး။ အဲဒါက အဖွဲ့ကွဲတာ လည်း မဟုတ်ဘူး။ ကျွန်တော် ဒီ V.I.Pကို ရောက်သွားတာနဲ့လည်း မဆိုင်ဘူး။ ဒီလိုပဲ ရပ်လိုက် ကြတာ ပါ။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ထဲ မှာတော့ AJL က အမြဲတမ်းရှိနေ မှာပါ။
Q: ဒီ V.I.P Family နဲ့ ဘယ်လို ပူးပေါင်းဖြစ်သွားတာလဲ။ ခုရော ဒီ Family ကို ကျေနပ်အား ရရဲ့လား။
A: ကျွန်တော် V.I.P ကို ရောက်လာ တာ Ah-Boy ကြောင့်ပါ။ သူက ဖုန်းဆက် ပြီးတော့ ပြောလို့ပါ။ သူတို့ Family လေး လုပ်စရာရှိတယ်။ ကျွန်တော့်ကို ပါစေချင် တယ်ဆိုပြီး စခေါ်ခဲ့တာပါ။ အခု အခြေအနေ အရဆိုရင်တော့ ကျွန်တော် တို့ လေးယောက် မှန်းထားတာထက် ပိုခရီးရောက်ခဲ့တယ်။ အဲတော့ ဒီ V.I.P ကို အရမ်းအားရပါတယ်။
Q: ဒီ VQ: Hip-Hop တွေ မဆိုခင်တုန်းက ကျော်ထွဋ်ဆွေနဲ့ ခု ကျော်ထွဋ် ဆွေ ဘာတွေ ပြောင်းလဲထူးခြား လာခဲ့လဲ။
A: ဘာမှတော့ သိပ်ထူးထူးခြားခြား ပြောင်းလဲတာ မရှိပါဘူး။ ဒီ Hip-Hop တွေ မဆိုခင်တုန်းက ကျွန်တော့်ကို မိဘ ပိုက်ဆံထိုင်စားနေတဲ့ ကောင်လေးလို့ တော့ ခဏ ခဏပြောကြဖူးတယ်။ အခု လည်း ကျွန်တော့် အဝတ်အစားဖိုးတွေ၊ တီးလုံး ဖိုးတွေ မိဘဆီကတောင်းနေရတုန်းဆို တော့အတူတူပါပဲ။ ဘာမှသိပ် မထူးခြား သေးပါဘူး။
Q: ငယ်ငယ်တုန်းကတည်းက လုံးဝနား မထောင်၊ မကြိုက်ခဲ့တဲ့ နိုင်ငံခြားက အဆိုတော်များရှိသလား။
A အဲဒါမျိုး လုံးဝနားမထောင်ဘူးရယ်လို့ တော့ မရှိပါဘူး။ ကျွန်တော်က သီချင်းနဲ့ ပတ် သက်ရင် 'အရမ်းကြိုက်တာ' နဲ့ 'သာမန်' ဆိုရုံပဲရှိပါတယ်။ လုံးဝ မကြိုက်လောက် အောင်ထိတော့ မခံစားရသေးဘူး။
Q: ကိုယ့်အတွက် အမြဲ Improve ဖြစ် အောင် ဘာတွေ လုပ်ဖြစ်လဲ။
A: ကျွန်တော် Studio-65 က Rapper အစ်ကိုကြီးတွေဆီက ဆည်းပူးတယ်။ သိချင်တာရှိရင် သူတို့ကို မေး တယ်။ နောက် သီချင်းများများ နားထောင်ဖြစ်တယ်။ ဒီလောက် ပါပဲ။
Q: Hip-Hop Elements တွေထဲ ကမှ ဘာကြောင့် MCing ကို ရွေးချယ် ဖြစ်ခဲ့တာလဲ။
A:ကျွန်တော် Hip-Hop ကို စသိ ခဲ့တာ Eminem သီချင်းတွေ ကြောင့်ပါ။ သူ့ သီချင်းတွေကို ကျွန်တော် အဲဒီတုန်းက နားမ လည်ဘူး။ တစ်လုံးမှကို နားမလည် ခဲ့တာ။ ဒါပေမယ့် အဲလိုမျိုး ၃ မိနစ်၊ ၄ မိနစ်လောက် သီချင်း တစ်ပုဒ်မှာ အဲလိုမျိုး စာသားအ များကြီးထည့်လို့ရတဲ့ ဒီ Rapping ကို အရမ်းသဘောကျခဲ့ လို့ပါ။ အဲဒီအချက်ကြောင့်ပဲ ကျွန် တော် MC လုပ်ဖို့ ရွေးချယ်ခဲ့ တာပါ။
Q: အလင်္ကာကတဆင့် ပရိသတ်ကို ကျော်ထွဋ်ဆွေအနေနဲ့ ဘာများ ပြောချင်သလဲ။
A: ကျွန်တော့်ကို လူအနည်းစုအချို့က AJL ကတည်းက သတိထား မိခဲ့ရင်တောင် ကျွန်တော် ကျေနပ် ပါတယ်။ အဲဒီဘဝကတည်းက အခု V.I.P အထိ အားပေးခဲ့ရင် တော့ အရမ်းအရမ်းကို ကျေးဇူး တင်ပါတယ်လို့။ 'ကျော်ထွဋ်ဆွေ' ဆိုတဲ့ နာမည်ကို အားပေးနေတဲ့ ပရိသတ် တစ်ယောက်ပဲရှိနေပါစေ။ ကျွန်တော်ဆက်ပြီး ကြိုးစားပါ့မယ်။ အားပေးပါ။ ကျေးဇူးတင်ပါတယ်။
Q: ဒီလို Family တွေ များလာတဲ့ အတွက် Hip-Hop လောက က။
A: ကောင်းတာပေါ့။ အကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်။
Q: V.I.P ကနေ ပရိသတ်ကို ပြောချင် တဲ့စကားများ ရှိမလား။
A: V.I.P က လူတွေ တစ်ယောက်မှ မာန မကြီးတတ်ဘူး။ ကျွန်တော်တို့လည်း အသစ်တွေဆိုတော့ ကျန်တဲ့ Rapper အသစ်တွေအားလုံးကိုလည်း ကြိုဆို ပါတယ်။ အားလည်း ပေးပါတယ်။ ကျွန် တော်တို့ကိုလည်း ဆက်ပြီး အားပေးကြ ပါလို့။
ထိန်လင်း
Q: ထိန်ဝင်း ဒီ V.I.P Family ကို သီချင်း Produce လုပ်ရင် အားလုံး နဲ့ တိုင်ပင်ပြီးမှလုပ်ဖြစ်လား။ ဘယ် လိုမျိုးတွေ အတီးများလဲ။
A: တစ်ခါတလေတော့ အားလုံးနဲ့ တိုင်ပင် ပြီးမှ လုပ်ပါတယ်။ တစ်ခါတလေတော့ လည်း ကျွန်တော် Feel လာတဲ့ အချိန် တီးထားတဲ့ သီချင်းတွေနဲ့ Family ထဲ က လူတွေသဘောတိုက်ဆိုင်တဲ့အခါ ယူသုံးပြီး ဆိုလိုက်တာတွေလည်း ရှိပါ တယ်။ New School နဲ့ own South ပါ။ Old Schoolတွေကို တီးကြည့်ချင်တယ်။ တီးလည်း တီးဖူး တယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ တကယ့် Old School Beat ကို လိုက် မတီးနိုင်ဘူး။
Q: ထိန်ဝင်းကိုယ်တိုင် အားသန်တဲ့ Hip-Hop Style က ဘာလဲ။
A: Fashion အပိုင်းမှာတော့ ဝတ်တာ စားတာ ဆန်းဆန်းပြားပြားကြီး မကြိုက် ဘူး။ မျက်စိနောက်လို့။ ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လိုက်ရင် ဣနြေ္ဒရတဲ့ style မျိုးပဲ ကြိုက်တယ်။ ကျွန်တော် ဆိုလည်း ရိုးရိုး တန်းတန်း အပြင်ထွက်ရင် ပုဆိုးပဲ ဝတ်တာများပါတယ်။ ပွဲတစ်ခုခုရှိမှပဲ Hip-Hop Style အပြည့် ဝတ်လေ့ရှိ တယ်။ အင်္ကျီတို့၊ Jean တို့မှာ Sticker အရမ်းများတာတွေလည်း မကြိုက်ဘူး။ အတီးပိုင်းမှာ ဆိုရင်တော့ ငြိမ့်ငြိမ့်လေး တွေကို ပိုကြိုက်တယ်။ ခက်တာက ကျွန်တော်တို့ ဒီမှာ စင်ပေါ်မှာ ဆိုလို့ အဆင်ပြေမယ့် ဟာတွေပဲ လုပ်ကြတာ များပါတယ်။ ပရိသတ်အကြိုက်ပေါ့။ ဒါပေမယ့် ကျွန်တော် စဉ်းစားကြည့်တာ။ Hip-Hop မှ မဟုတ်ပါဘူး။ ဘယ် Music မဆို ပရိသတ်အကြိုက်ပဲ လိုက်လုပ်နေရင် တိုးတက်ဖို့ ကြာဦးမယ် ဗျ။ ဆိုတဲ့အပိုင်းမှာတော့ BoneThuz လို ဆိုချင်တယ်။
Q: ထိန်ဝင်းကိုယ်တိုင် အားသန်တဲ့ Hip-Hop Style က ဘာလဲ။
A: V.I.P က လူတွေ တစ်ယောက်မှ မာန မကြီးတတ်ဘူး။ ကျွန်တော်တို့လည်း အသစ်တွေဆိုတော့ ကျန်တဲ့ Rapper အသစ်တွေအားလုံးကိုလည်း ကြိုဆို ပါတယ်။ အားလည်း ပေးပါတယ်။ ကျွန် တော်တို့ကိုလည်း ဆက်ပြီး အားပေးကြ ပါလို့။
Q: ထိန်ဝင်းနေထိုင်ခဲ့တဲ့ Hip-Hop လောကမှာ ဘယ်လိုအခက်အခဲမျိုး တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲ။ ဒီ Music ကို ဆက် မလုပ်ချင်တော့ လောက်အောင်။
A: ဟုတ်တယ်။ ခဏ ခဏကို ဖြစ်ဖူးတယ်။ လူတိုင်း လူတိုင်းမှာတော့ ရန်သူဆိုတာ ရှိမှာပဲလေ။ ကျွန်တော် ဘယ်လောက်ပဲ လူတွေကို တည့်အောင်ပေါင်းပေါင်း၊ မနာလိုတဲ့သူ၊ မကြည်တဲ့သူဆိုတာ ရှိကို ရှိမှာပဲ။ ကိုယ့်ကို လာတိုက်ခိုက်နေတဲ့ လူတွေရဲ့ စကားတွေကို ခံနိုင်ရည်ရှိဖို့ပဲ လိုပါတယ်။ ကျွန်တော်ကတော့ ဘယ်သူ့ ကိုမှ ရန်မလုပ်ပါဘူး။ လုပ်လည်း မလုပ် ခဲ့ပါဘူး။ သီချင်းထဲမှာ ပြောတယ်ဆို တာလည်း ရန်လုပ်တယ်ဆိုတာထက် သူတို့ရဲ့ လိုအပ်ချက်တွေကို ပြောပြတဲ့ သဘောပါပဲ။
Q: ထိန်ဝင်းဆူချင်တဲ့ ဒီ Family က Member ရှိလား။ ဘာကြောင့် ဆူချင်တာလဲ။
A: ကျွန်တော့်ကိုပဲ ဝိုင်းဆူနေကြတာပါ။ ဝလို့ ဝိတ်ချဦးဆိုပြီး။
Q: Noize City Entertainment က အခုဘာအခွေတွေကို Record လုပ်ပေးနေလဲ။
A: V.I.P Album Record လုပ်နေပါ တယ်။ နောက် စန္ဒီမြင့်လွင် Solo ။ အသစ်တွေလည်း လာဆိုကြတာ များပါတယ်။
Q: အသစ်ဆိုတာ အဟောင်းရဲ့နောက် မှာ ရှိတာလား။ အဟောင်းဆိုတာ အသစ်ရဲ့နောက်မှာ ရှိတာလား။
A: ဒီမေးခွန်းကို လွယ်လွယ်နဲ့ တိုတို ဖြေရမယ်ဆို 'အမေဆိုတာ တစ်ခါ တုန်းကသမီးပါ' ပေါ့ဗျာ။
Q: V.I.P ကိုယ်စား ထိန်ဝင်း ပရိသတ် ကို ဘာမှာချင်လဲ။
A: အသက်ငယ်တာ မငယ်တာထက် လူငယ်တွေ တစ်ယောက်ကို တစ် ယောက် အပြန်အလှန် လေးစားမှု ရှိစေချင်ပါတယ်။ ကိုယ်နဲ့ level တူတစ် ယောက် စင်ပေါ်တက် သွားတာကို မနာ လိုတဲ့စိတ်နဲ့ လိုက်တိုက်ခိုက်နေမယ့်အစား အားပေးလိုက်ကြပါလား။ လူငယ်တိုင်း စင်ပေါ်တက်ချင် ကြတာချည်းပဲလေ။ အဲဒီ တော့ ကိုယ့်ရှေ့ အရင် ရောက်နေတဲ့ သူတွေ ကို အားပေးလိုက်ခြင်းအားဖြင့် ကိုယ်လည်း တစ်နေ့ စင်ပေါ်ရောက်နိုင်ဖို့ အခွင့်အလမ်း ပွင့်လာနိုင်တာပေါ့။



0 comments:
Post a Comment