#vertical-1{ border-bottom-width: 0; } #vertical-1 ul{ margin: 0; padding: 0; font: normal 90% 'Trebuchet MS', 'Lucida Grande', Arial, sans-serif; /*pemilihan bentuk huruf */ } #vertical-1 a{ display: block; padding: 3px 0; padding-left: 9px; width: 200px; /* width of mrnu */ text-decoration: none; color: #333222; /* this is the color of alphabet */ border-right:1px solid #000000; background-color: #FBEC04; border-bottom: 1px solid #6A6731; border-left: 7px solid #918C3B; } #vertical-1 a:hover { background-color: #FAF6B9; border-left: 12px solid #918C3B; width: 195px; /*lebar */ } #vertical-1 div.menutitle{ color: white; border-bottom: 1px solid #053E66; padding: 5px 3px 5px 13px; background-color: black; width: 201px; font: bold 90% 'Trebuchet MS', 'Lucida Grande', Arial, sans-serif; }



သတိပေးချက်

ကျွန်တော့် ဘလော့ မှ စာများကို ဖတ်လိုလျှင် ခေါင်းစဉ်ကို ကလစ်ပေးလိုက်ပါခင်ဗျာ ။ ကလစ်ပေးလိုက် မှ အကုန်ဖတ်လို့ ရမှာပါ ။ မသိသေးသူများ အတွက်ပါ ။ အကြံပေးစာ များလဲ ပေးပို့ စေချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

ကျော်ထွဋ်ဆွေ အင်တာဗျူး

Monday, October 4, 2010

 ကျွန်တော် Myanmar Hip Hop Channel မှကူးယူ တင်ပြခြင်း ဖြစ်ပါတယ် ။




မေး - ကိုကျော်ထွဋ်ဆွေရေ မင်္ဂလာပါနော်။ မိုးကတော့ MYMC Online Radio က Choco ပါ။ ပထမဦးဆုံးမေးခွန်းလေးအနေနဲ့ အစ်ကို့ရဲ့မွေးနေ့ရယ်အသက်ရယ်ကို ပရိသတ်ကြီးသိအောင်ပြောပြပေးပါဦးနော်။
ဖြေ - ဟုတ်။ ကျွန်တော့်မွေးနေ့က ၃လပိုင်း ၁၀ရက် မတ်လပေါ့နော်။ အသက်ကကျွန်တော် ၂၄နှစ်ထဲမှာဗျ။

မေး - အခုဆိုရင် ကိုကျော်ထွဋ်ဆွေရော၊ Rock Star ရောပါ လူတွေကတော်တော်သိလာကြပြီနော်။ အဲ့ဒီအပေါ် အစ်ကိုကျေနပ်အားရမှုရှိပြီလား။
ဖြေ - ကျေနပ်လားဆိုတော့.. ကျွန်တော်တို့တစ်ဖွဲ့လုံး ဘယ်သူ့မေးမေးကျေနပ်တယ်လို့ ဘယ်သူမှပြောမှာ မဟုတ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရှေ့မှာ လုပ်စရာတွေအများကြီးလည်း ရှိသေးတယ်။ လုပ်နေတာတွေ အများကြီးလည်းရှိသေးတယ်။ လုပ်ချင်တာတွေအများကြီးလည်း ရှိသေးတယ်။ ပြောရရင်တော့အများကြီးပေါ့။ အဲ့ဒီတော့ မကျေနပ်သေးဘူး။.....


မေး - အစ်ကို ဒီ Hip Hop လောကထဲကို စတင်ဝင်ရောက်ချိန်လေးကိုလည်း သိပါရစေရှင်။

ဖြေ - အင်း.. ကျွန်တော် ၂၀၀၄-၀၅ ကြားထဲလောက်မှာစရောက်တာဗျ။ အခုထိကိုမျောနေတာပေါ့။

မေး - အစ်ကို့ရဲ့ လက်ဦးဆရာ၊ ဒါမှမဟုတ် ဒီလောကထဲရောက်အောင် တွန်းပို့ပေးခဲ့အကြောင်းအရာများရှိရင်လည်း သိပါရစေ။
ဖြေ - ဟုတ်။ ကျွန်တော့်ကို ဒီ.. music နဲ့ပတ်သက်ပြီး သင်ပေးတာက ဦးမြတ်မင်း။ ဦးမြတ်မင်းဆိုတာ.. သူကကီးဘုတ် တီးတာပေါ့။ music အကြောင်းတော်တော်သိတယ်။ သူသင်ပေးတာ။ Hip Hop နဲ့ပတ်သက်ရင်တော့ ကျွန်တော့်ဆရာ၃ယောက်ရှိတယ်။ ကိုလင်းပင်ဟိန်းရယ်၊ ကိုရသရယ်၊ ကိုရဲလင်းအောင် (Bigg Y) ပေါ့။ သူတို့ ၃ယောက်။

မေး - ဘယ်သီချင်းနဲ့ အစ်ကို့ကို ပရိသတ်က စပြီးအသိအမှတ် ပြုလာတယ်လို့ထင်ပါသလဲရှင်။
ဖြေ - (ရယ်လျက်) “ဘူလေးလဲ”..။ ဟုတ်တယ် အဲ့သီချင်းနဲ့စပြီးသတိထားမိတယ်ထင်တာပဲ။

မေး - အရင်က AJL ဆိုတဲ့ family လေးတစ်ခုရှိတယ်နော်။ အစ်ကို အဲ့ဒီအကြောင်းလေးကိုလည်း MYMC ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦးရှင်။
ဖြေ - AJL .. ဟုတ်တယ် AJL နဲ့ ကျွန်တော်လုပ်တယ်။ အခွေ.. အတွဲခွေ ၂ခွေတောင် ထွက်ထားဖူးတယ်ဗျ။ ဟိုဟာ.. “Hip-Hop Crazy” ဆိုတဲ့အခွေရယ်၊ ဟို.. “အကြောင်းပြချက်မရှိ” ဆိုတဲ့အခွေရယ်။ နှစ်ခွေလုံး VCD ထွက်ပြီးသွားပြီ။ ဒါပေမယ့်ဘယ်သူမှ သိပ်သတိမထားမိလိုက်ဘူး။ ကျွန်တော်တို့.. ကျွန်တော်တို့ဂွမ်းတာလည်းပါတာပေါ့နော်။

မေး - အစ်ကိုက သီချင်းအေးအေးလေးတွေရော၊ Rap ကြမ်းကြမ်းလေးတွေရော နှစ်ဖက်လုံးမှာမျှတယ်နော်။ နောက်ပိုင်းမှာရော ဘယ်ဖက်ကိုပိုပြီးအားသန်သွားဖို့ရှိလဲမသိဘူးရှင့်။
ဖြေ - (ရယ်လျက်) အဲ့လိုတော့မရှိဘူးဗျ။ နှစ်ဖက်လုံးမျှတယ်ရယ်လို့တော့လည်း မဟုတ်ပါဘူး။ ဟို.. ဘယ်လိုပြောမလဲ ကျွန်တော်လုပ်တတ်တာ၊ ကျွန်တော်ရေးတတ်တာ ဟို.. ကျွန်တော့်အကြောင်းပဲ ကျွန်တော်ရေးတတ်တာလေ။ ကျွန်တော့်ဘဝမှာ ဖြစ်ဖူးတာတွေပဲရေးတာဆိုတော့ ကျွန်တော်ချစ်လည်းချစ်ဖူးတယ်၊ မုန်းလည်းမုန်းဖူးတယ်၊ ဘယ်လိုခေါ်မလဲ.. ပျော်လည်းပျော်ဖူးတယ်၊ ရန်သူလည်းရှိဖူးတယ်ဆိုတော့ အဲ့အကြောင်းတွေကိုပဲလုပ်ပြီးတော့ သီချင်း.. အဲ့လို.. ဒီတိုင်းပဲဖြစ်မှာပါ မျှမှာပါ။

မေး - အစ်ကိုရေးခဲ့တဲ့သီချင်းတွေထဲမှာ မှတ်မှတ်ရရလေးပေါ့နော်။ အဲ့လိုမျိုးဖြစ်သွားတဲ့ သီချင်းလေးများရှိရင်လည်း ပရိသတ်ကြီးရှိအောင်ပြောပြပေးပါဦး။
ဖြေ - အဲ့ဒါက.. ခုနပြောတဲ့ သီချင်းပဲ “ဘူလေးလဲ” .. ဟုတ်တယ်။ အမှတ်တရဖြစ်စရာက အဲ့မှာဘာရှိလဲဆိုတော့ အဲ့သီချင်းက ကျွန်တော့်သီချင်း၊ ဒါပေမယ့် ခိုးကူးတွေမှာပြန့်သွားတော့ ဂျောက်ဂျက်နာမည်နဲ့ပြန့်သွားတယ်။ အဲ့သီချင်းကြောင့်ပဲ ဂျောက်ဂျက်ပြဿနာတက်တဲ့ ၅၀% ပါသွားတယ်။ လုံးဝအမှတ်တရပဲ။

မေး - အစ်ကိုဆိုခဲ့တဲ့သီချင်းတွေထဲက new school အချစ်သီချင်းကို ရေးဖြစ်သွားပုံလေးကိုလည်း သိချင်ပါတယ်ရှင်။

ဖြေ - new school အချစ်သီချင်း.. တော်တော်များများသိတာတော့ အဲ့ဒီသီချင်းကို “အာဘွား” လို့သိတာ။ ဟုတ်တယ်.. ရေးဖြစ်သွားတာတော့ ဘာရယ်လို့မဟုတ်ဘူးဗျ ဟို.. ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ အတွဲလေးတွေပေါ့နော်၊ ကျွန်တော်လည်းပါခဲ့ဖူးပါတယ်။ ဖုန်းချခါနီးတို့ဘာတို့ အဲ့လိုစိတ်ကောက်လို့ ချော့တဲ့အချိန်တို့ဘာတို့ဆို အဲ့ဒီ “အာဘွား” ဆိုတဲ့စာလုံးလေးကိုသုံးတယ်။ အဲ့ဒါလေးအဓိကသုံးထားတာ။

မေး - လောလောဆယ်နောက်ထပ် solo album ရော ထပ်ထွက်ဖို့ရှိသေးလားအစ်ကို။

ဖြေ - ရှိတယ်ဗျ။ ရှိတယ်ဆိုတာ.. ဒီတစ်ခါတော့ underground မဟုတ်တော့ဘူး။ ကျွန်တော်.. အခွေထွက်ဖို့လုပ်နေတယ် တစ်ပုဒ်ပဲကျန်တော့တယ်။ ပြီးတာနဲ့ထွက်မယ်။

မေး - ကိုကျော်ထွဋ်ဆွေရဲ့ သီချင်းနဲ့ performance အပေါ် ပရိသတ်ကတုံ့ပြန်လာမှုကို ကျေနပ်အားရမှုရှိပြီလား။
ဖြေ - အင်း.. ဘယ်လိုခေါ်မလဲ.. ကျေနပ်လားဆိုတော့ အဲ့ဒါကြီးတော့အဲ့လိုကြီးတော့ အတိအကျမသိဘူးခင်ဗျ။ ကျွန်တော့်သီချင်းကို အောက်ကလူတွေရလို့လိုက်ဆိုရင်ပျော်တယ်။ ပရိသတ်တွေလိုက်ဆိုရင်ပျော်တယ်။ လိုက်မဆိုတဲ့အချိန်ကျရင် ဝမ်းနည်းတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်ကြိုက်လို့ကိုယ်လုပ်ထားတဲ့သီချင်းပဲ ဘယ်လိုပဲလာလာကျေနပ်တယ်။

မေး - V.I.P အဖွဲ့လေး စတင်ဖြစ်ပေါ်လာပုံလေးကိုလည်း ရှင်းပြပေးပါဦးအစ်ကို။

ဖြေ - V.I.P က ကျွန်တော်တို့ ထိန်ဝင်းနဲ့ Ah boy စတာပေါ့။ ဟိုဘက်မှာ Noise City (studio) မှာ ထိန်ဝင်းရယ် Ah boy ရယ်လုပ်နေတယ်။ ဒီ.. 65 (studio) မှာ ကျွန်တော်ရယ် ဂျောက်ဂျက်ရယ် နှစ်ယောက်တွဲလုပ်နေတယ်။ အဲ့မှာ.. ပြီးတော့မှ လေးယောက်ပေါင်းလိုက်တာ။ V.I.P ဖြစ်သွားတယ်။ အဲ့မှာစတွေ့တာပဲ။

မေး - Rock Star အနေနဲ့ပဲ ရှိုးပွဲလေးလုပ်ဖို့ရောအစီအစဉ်ရှိလား။
ဖြေ - အစီအစဉ်ရှိလားဆိုတော့ အစီအစဉ်တော့ရှိတယ်။ ခဏခဏလည်း စိတ်ကူးယဉ်ဖူးတယ်ဗျ။ ဟို.. ဘယ်လိုခေါ်မလဲ လုပ်ချင်တာပေါ့နော်အရမ်းကို။ အခြေအနေပေးရင်တော့ လုပ်ဖြစ်မယ်ထင်တယ်။ ကြိုးစားတုန်းပေါ့အခုတော့။

မေး - Rock Star အဖွဲ့မှာ ကိုလွှမ်းပိုင်ဝင်ရောက်လာပုံလေးကိုလည်း သိပါရစေရှင်။

ဖြေ - အင်း.. လွှမ်းပိုင်က တိုက်ဆိုင်တာဗျ.. အဲ့ဒီရှိုးတစ်ခုမှာ 89 ဆိုတဲ့အဖွဲ့လေးက sample ခွေလေးလာပေးတယ်။ Ah boy လက်ထဲရောက်သွားတယ် အဲ့ဒီအခွေက။ အဲ့ဒီမှာ အဲ့ဒီအခွေမှာ လွှမ်းပိုင်ဖုန်းနံပါတ်လေးပါတယ်။ အဲ့အခွေနားထောင်ရင်းနဲ့ အဲ့ဒီအခွေကတော်တော်မိုက်တယ် တော်တော်မိုက်တယ်၊ ဖုန်းဆက်ပြီးတော့ကျွန်တော်တို့ သီချင်းအတူတူလုပ်ကြည့်တာ သီချင်းအတူတူလုပ်ကြည့်တော့အရမ်းကိုမိုက်တယ်။ အဲ့ဒါနဲ့သူ့ကိုပါမလားဆိုတော့ သူကလည်းပါမယ်ဆိုတာနဲ့ အဆင်ပြေသွားတာ။

မေး - Rock Star family member တွေမှာတခါတလေတော့ သဘောထားကွဲလွဲမှုလေးတွေရှိမှာပေါ့နော်။ အဲ့လိုအချိန်မျိုးကျရင် ဘယ်လိုမျိုးညှိနှိုင်းကြလဲမသိဘူးရှင့်။
ဖြေ - သဘောထားကွဲလွဲတာတော့.. တခါတလေမှ မဟုတ်ပါဘူး။ အမြဲတမ်းနီးပါးပဲ (ရယ်လျက်)။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်ဗျ။ တွေ့တာနဲ့ကိုက်နေတာ။ ဒါပေမယ့် အဆင်ပြေပါတယ် ဘယ်လိုခေါ်မလဲ.. ပြဿနာရှိရင်တည့်တည့်ပြောတယ်၊ ညှိတယ်၊ လုံးဝအဆင်မပြေလို့ရှိရင် ကျွန်တော်တို့ တစ်ပတ်လောက်စိတ်ကောက်နေလိုက်တယ်။ အဲ့ဒါဆို ပြန်အဆင်ပြေသွားရော။

မေး - အစ်ကို့ရဲ့တချို့သီချင်းလေးတွေထဲမှာ ကောင်မလေးနာမည်လေးတွေပါတယ်နော်အစ်ကို။ အဲ့ဒါ real story လေးတွေလား၊ ပြောပြပါဦး။

ဖြေ - အဟား.. real story.. အေးပေါ့.. တကယ့်အဖြစ်အပျက်တွေပေါ့၊ ဘယ်လိုပြောမလဲ.. ကျွန်တော်သူများနာမည်ကြီးတွေ လျှောက်ဆိုနေလည်း ရယ်ရမှာ၊ ဟာသကြီးဖြစ်နေမှာ ကိုယ်နဲ့လည်း ဘာမှမဆိုင်ဘဲနဲ့... ဒါပေမယ့် အများကြီးတော့မရှိပါဘူး၊ နှစ်ပုဒ်လား သုံးပုဒ်လားပဲရှိဖူးတာ။ ဟုတ်။

မေး - ပရိသတ်က အစ်ကိုရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားနေကြတယ်ရှင့်။ အဲ့ဒါ အစ်ကိုရဲ့ရင်ခုန်သံလေးကိုလည်း MYMC ပရိသတ်ကြီးသိအောင်လို့ ပြောပြပေးပါဦးနော်။
ဖြေ - (ရယ်လျက်) အဲ့ဒီမေးခွန်းက တော်တော်ဖြေရခက်သွားပြီ။ ဘာလို့လည်းဆိုတော့ ကျွန်တော်အရမ်းချစ်ဖူးတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ အဲ့ကောင်မလေးနဲ့ လွန်ခဲ့တဲ့နှစ်လကတည်းက ပြတ်သွားပြီ။ ဟုတ်တယ်.. တော်တော်ကြီးကို အဆင်မပြေတော့တဲ့အခြေအနေတစ်ခုမှာ လမ်းခွဲလိုက်ရတယ်ပေါ့။ ငိုတော့မငိုသေးပါဘူး.. ဟဟား။

မေး - ကိုကျော်ထွဋ်ဆွေရဲ့ Hip-Hop အပေါ် ခံယူချက်လေးကိုလည်း သိပါရစေရှင်။
ဖြေ - ဟုတ်။ ကျွန်တော်ခံယူထားတဲ့ Hip-Hop က ကျွန်တော့်အမြင်ပေါ့နော်၊ ကျွန်တော့်အမြင်နဲ့ ကျွန်တော်ခံယူထားတာက ဘယ်လိုပြောမလဲ.. Hip Hop ဆိုတာ လမ်းမကို ကိုယ်စားပြုတဲ့ဂီတ၊ လူငယ်တွေကိုကိုယ်စားပြုတဲ့ဂီတ၊ တကယ်လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို ကိုယ်စားပြုတဲ့ဂီတ၊ အဲ့ဒီဟာတွေပေါင်းစပ်ထားတဲ့ ဂီတတစ်ခုလို့မြင်တယ်။

မေး - အခုလက်ရှိရော သီချင်းအသစ်လေးတွေလုပ်နေလားအစ်ကို။ အစ်ကိုဘာတွေလှုပ်ရှားနေလဲဆိုတာ MYMC ပရိသတ်ကြီးများ သိခွင့်ရမလားရှင်။
ဖြေ - ဟုတ်။ အခု သီချင်းသစ်တွေအများကြီးလုပ်နေတယ်ဗျ။ ဟို.. ကျွန်တော်ခုနပြောခဲ့သလိုပေါ့ ကျွန်တော့်အခွေလုပ်နေတယ် တစ်ကိုယ်တော်အခွေလုပ်နေတယ်။ တစ်ပုဒ်ပဲကျန်တယ်။ ပြီးတော့မယ်။ အဲ့ဒါပြီးတာနဲ့ ထွက်ဖို့ရှိတယ်။ လောလောဆယ် စန္ဒီမြင့်လွင့်အခွေထဲမှာ ဝင်ဆိုပေးထားတဲ့ “လမ်းခွဲခြင်း” ဆိုတဲ့သီချင်း.. အဲ့ဒါ VCD ထွက်ဖို့ရှိတယ်။ “ပျော်စရာကြီး” ဆိုတဲ့ အတွဲခွေတစ်ခွေထဲမှာ “ညာတာပါတေး” ဆိုတဲ့သီချင်း Live Show ထွက်ဖို့ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ဒီတစ်ဖွဲ့လုံး Rock Star အခွေက ထွက်မယ်ထွက်မယ်နဲ့ တော်တော်ကြာနေတယ်၊ ကြေငြာပြီးတော့ မထွက်ဖြစ်ဘူး။ အဲ့ဒါလေးကထွက်ဖို့ရှိတယ်။ ခဏလေးသည်းခံပြီးစောင့်ပေးပါလို့။ အဲ့ဒါတော့ Rock Star ကိုယ်စား ကျွန်တော်တောင်းပန်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နည်းနည်းလေး ပြဿနာတက်နေလို့ပါ။

မေး - လူငယ်တွေက လူငယ်တွေအတွက်လုပ်ပေးနေတဲ့ MYMC Online Radio အပေါ် အစ်ကို့ရဲ့ အမြင်နဲ့အကြံဉာဏ်လေးကိုလည်း ပြောပြပေးပါဦးနော်။

ဖြေ - ဟုတ်။ အမြင်ကိုပြောရရင်တော့ အရမ်းမိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ.. အင်တာနက်ဆိုင်တိုင်းလိုလိုမှာ လူငယ်တော်တော်များများ၊ လူငယ်ပရိသတ်တော်တော်များများက ဖွင့်ဖွင့်ပြီးနားထောင်နေတာ ကျွန်တော်ကိုယ်တိုင်လည်းမြင်နေရတာပဲ။ ဟို.. ကျွန်တော်လည်းနားထောင်နေတာပဲအားနေ။

မေး - မေးခွန်းလေးတွေမေးနေတာလည်း များနေပါပြီအစ်ကို။ နောက်ဆုံးအနေနဲ့ MYMC ကနေတစ်ဆင့် အစ်ကို့ရဲ့ပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲရှင်။
ဖြေ - ဟုတ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ဒီ.. MHA (Myanmar Hip-Hop Association) ရဲ့ တတိယမျိုးဆက်တွေကို အားပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်လို့။ ကျွန်တော်တို့နောက်ပြီးတော့ လုပ်သမျှအသစ်အသစ်တွေ အားလုံးကိုလည်း ဆက်လက်အားပေးပါလို့ ပြောချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

မေး - အခုလိုမေးခွန်းများကိုစိတ်ရှည်လက်ရှည်နဲ့ဖြေကြားပေးတဲ့ ကိုကျော်ထွဋ်ဆွေကို MYMC တစ်ဖွဲ့လုံးကိုယ်စား မိုးကနေပဲကျေးဇူးတင်ပါတယ်နော်။ ဒီ့ထက်လည်း အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ဖြေ - ဟုတ်ကဲ့ပါ။ ပေးတဲ့ဆုနဲ့ အများကြီးပြည့်ပါစေညီမရယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။

0 comments: